Entries by

ဖေဖော်ဝါရီလအတွင်း အမျိုးသမီးများဆိုင်ရာ အချက်အလက်များ

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း အမျိုးသမီးဖမ်းဆီးခံရသူများ သိသိသာသာ တိုးလာ သည်ကို တွေ့ရှိရသည်။ ဖေဖော်ဝါရီလအတွင်းတွင် အကြမ်းဖက်စစ်တပ်မှ အမျိုးသမီး စုစုပေါင်း (၃၅) ဦး အား မတရား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဖမ်းဆီးခံရသူ အမျိုးသမီး စုစုပေါင်း (၃၁၂၅) ဦး ထိ ရှိခဲ့သည်။ ထို့အပြင် အကြမ်းဖက်စစ်တပ်၏ ပြည်သူလူထုကို ဦးတည်၍ လက်နက် အားကိုးဖြင့် နှိမ်နင်းပစ်ခတ်ခြင်း၊ ကျေးရွာများသို့ ဝင်ရောက်စီးနင်း ပစ်ခတ်ခြင်းများအပြင် အရှင်လတ်လတ် မီးရှို့သတ် ဖြတ်ခြင်းများတို့ကြောင့် ဖေဖော်ဝါရီ လအတွင်း အသက်ဆုံးရှုံးရသည့် အမျိုးသမီး (၁၅) ဦး ထိရှိခဲ့သည်။

ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ Press Release

ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ မှတ်တမ်းစာအုပ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် ရက်စွဲ။    ။ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၂ရက် “အာဏာရှင်ကျဆုံးဖို့ကတော့ ညီမတတ်နိုင်တဲ့ဘက်ကနေပြီးတော့ ကိုယ့်ရဲ့ နောက်ဆုံးအချိန်ထိ ပါဝင်သွားမယ်။ မတော်တဆအဖမ်းခံရရင်လည်း တော်လှန်ရေးကို သစ္စာမဖောက်ဘူး။ တကယ်လို့ အဖမ်းခံထိခဲ့မယ်ဆိုရင်လည်း စိတ်ဓါတ်နဲ့ ဆက်ပြီးတော့ တော်လှန်နေမယ်” “ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ” မှတ်တမ်းစာအုပ်ကို မြန်မာ့အမျိုး သမီးသမဂ္ဂ (Burmese Women’s Union) မှ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေသွားမည်ဖြစ်ပြီး မှတ်တမ်းစာအုပ် မိတ်ဆက်အား ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ၉ နာရီခွဲ (ထိုင်းစံတော်ချိန် ၁၀ နာရီ) တွင် အွန်လိုင်းဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ မှတ်တမ်းစာအုပ်သည် […]

ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ

ထို့ကြောင့် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ၏ ထိရောက်သည့် ပါဝင်မှုများကို အသေးစိပ် မှတ်တမ်းတင်ထားရန် အထူးအရေးကြီးကြောင်း ယုံကြည်သည့် အားလျော်စွာ အမျိုးသမီး များ၏ နွေဦးတော်လှန်ရေးတွင် ပါဝင်မှုပုံစံများကို အလွှာပေါင်းစုံမှ အမျိုးသမီး ၃၄ ဦး၏ နွေဦးတော်လှန်ရေးအတွင်း ၎င်းတို့၏ ပါဝင်မှုများကို မေးမြန်းထားကာ “ခေတ်ပြောင်း ကြွေးကြော်သံအောက်မှတော်လှန်အမျိုးသမီးများ”ခေါင်းစဉ်ဖြင့် မှတ်တမ်းစာအုပ်ကို ပြင်ဆင်၍ စုစည်းတင်ပြထားပါသည်။

August Briefing on Women Situation

နိုင်ငံတဝန်း စစ်ကောင်စီတပ်ဖွဲ့များအား ခုခံတော်လှန်သည့် စစ်ပွဲများတွင် စစ်ကောင်စီဘက် မှ သာလွန်အင်အားများ အသုံးပြုခဲ့သော်လည်း အကျအဆုံးများနေ ဆဲဖြစ်သည်။ မြန်မာ တနိုင်ငံလုံးအား ရှေ့တန်း စစ်မြေပြင်သဖွယ်ဖြစ်အောင် စစ်တပ်မှ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များအား မီးရှို့ဖျက်ဆီးကာ မြေအောက်တော်လှန်ရေးသမားများအဖြစ်သို့ တွန်းပို့နေသည်။ ယခု အမျိုးသမီးများဆိုင်ရာ သတင်းအနှစ်ချုပ်သည် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ ဩဂုတ်လအတွင်း ခိုင်လုံသော သတင်းမီဒီယာများမှ စုဆောင်းရရှိထားသော သတင်းအချက်အလက်များအပေါ်တွင်သာ အခြေခံ၍ ပြင်ဆင်ထားခြင်း ဖြစ်သည်။ BWU မှ ကောက်ယူထားသော အချက်အလက်များနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းပြုစုထားချက်များအရ ဩဂုတ်လအတွင်း သေဆုံးသူ အမျိုး သမီး စုစုပေါင်း (၄၃) ဦး ရှိပြီး (၆၉) ဦး […]

Women Situation Analysis (May-July 2022)

“မိန်းကလေးတယောက်အနေနဲ့ ဘာမှ မရှိရင်နေ နားဖူးတွေကို အမြတ်တနိုး တန်ဖိုးထားကြတဲ့ အရာ တွေ။ အခုစစ်အာဏာရှင် လက်ထက်မှာ ကိုယ့်အသက် ကိုယ်လဲမပိုင်ဘူး။ နောက်ပြီးတော့ ကိုယ့်အိမ်တွေ၊ ဘာတွေကိုလဲ မပိုင်ဆိုင်တော့တဲ့ အချိန်မှာ ဒါတွေကို အလှစစ် လို့မမြင်တော့လို့ ရဲရဲဝင့်ဝင့် ချွတ်လှုခဲ့ တာပါ။” အညာဒေသမှ မြိုင် ဒေသခံများသည် ၎င်းတို့ နေအိမ်များအား စစ်ကောင်စီ တပ်သားများမှ မီးရှို့ဖျက်ဆီးခဲ့သော်လည်း တော်လှန်ရေး အောင်မြင်ရန်အတွက် ၎င်းတို့ အမြတ် တနိုး တန်ဖိုးထားသည့် ရွှေနားကပ်များအပါအဝင် ရွှေငွေ ပစ္စည်းများကို ပြည်သူ့ကာကွယ်ရေးတပ်များကို လှူဒါန်းခဲ့သည်။ မြန်မာ့အမျိုးသမီးသမဂ္ဂမှ ပြင်ဆင်ထုတ်ဝေထားသည့် မေလမှ ဇူလိုင်လအထိ အမျိုးသမီးများဆိုင်ရာ သတင်းသုံးသပ်ချက်ကို အောက်ပါလင့်ခ်တွင် Download လုပ်၍ ဖတ်ရှုနိုင်ပါပြီရှင့်။  

June News Briefing on Women’s Situation

အမျိုးသမီးများဆိုင်ရာ သတင်းအနှစ်ချုပ်သည် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ ဇွန်လ အတွင်း ခိုင်လုံသော သတင်းမီဒီယာများမှ စုဆောင်းရရှိထားသော သတင်းအချက်အလက်များအပေါ်တွင်သာ အခြေခံ၍  ပြင်ဆင်ထားခြင်း ဖြစ်သည်။ BWU မှ ကောက်ယူထားသော အချက်အလက်များနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းပြုစုထားချက်များအရ ဇွန်လအတွင်း သေဆုံးသူ အမျိုးသမီး စုစုပေါင်း (၃၄) ဦး  ရှိပြီး (၁၀၂) ဦး ဖမ်းဆီးခံခဲ့ရသည်။

May News Briefing on Women’s Situation

ဗိုလ်မှူးစစ် သည်ကို စွန့်လွတ်ခဲ့သည့် အမျိုးသမီးတစ်ဦးမှ “စစ်သားကို ယူထားမိလို့ သိက္ခာကျတယ်၊ လူတွေရဲ့ အမုန်းကို ခံရတယ်၊ အမြဲတမ်း အမှန်တရားဘက်က ရပ်တည်ခဲ့သူဖြစ်တာကြောင့် လူတွေက တဖက်သတ် အထင်လွဲခံရမှာ ကို စိုးရိမ်တယ်” ဟု မီဒီယာတစ်ခုတွင် ယခုလို ထုတ်ဖော်ပြောဆိုခဲ့သည်။ မြန်မာ့အမျိုးသမီးသမဂ္ဂမှ ပြင်ဆင်ထုတ်ဝေထားသသည့် မေလအတွင်း အမျိုးသမီးများ၏ အခြေအနေများ သတင်းအနှစ်ချုပ် PDF ကို Download လုပ်၍ ဖတ်ရှုနိုင်ပါပြီရှင့်။

ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ၃ လတာ အမျိုးသမီးများ၏ အခြေအနေများ သတင်းသုံးသပ်ချက်

မြန်မာ့အမျိုးသမီးသမဂ္ဂမှ ပြင်ဆင်ထုတ်ဝေသည့် ဖေဖော်ဝါရီလမှ ဧပြီလ ၃ လတာအတွင်း အမျိုးသမီးများ၏ အခြေအနေများ သတင်းသုံးသပ်ချက်များကို အောက်ပါ လင့်ခ်များတွင် Download လုပ်၍ ဖတ်ရှုနိုင်ပါသည်။ နိုင်ငံရေး မငြိမ်သက်မှုများ၏ အကျိုးဆက်များကြောင့် စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးများ ယိုင်နဲ့လာသည့်နည်းတူ အမျိုးသမီးများ၏ အခြေအနေများမှာလည်း ပိုမိုကြပ်တည်းဆိုးရွားလျှက်ရှိသည်။ စစ်အာဏာရှင် ဆန့်ကျင်သည့် အမျိုးသမီးများအား စစ်ကောင်စီမှ မတရားဖမ်းဆီး ထောင်ဒါဏ်ချ မှတ်ခြင်းများ ရှိနေ၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှ ၂၀၂၂ ခုနှစ် ဧပြီလအထိ အာဏာသိမ်းစစ်အုပ်စု၏ ဖမ်းဆီး ထိန်း သိမ်းခြင်း ခံရသည့် အမျိုးသမီးပေါင်း (၂၀၅၅) ဦးရှိခဲ့ပြီး ပစ်ဒါဏ်ချမှတ်ခံရသူ အမျိုးသမီး (၁၅၃) ဦး ရှိခဲ့သည်။ အမြင့်ဆုံး ပစ်ဒါဏ်အဖြစ် သေဒါဏ်ချမှတ်ခံရသည့် […]

Women Political Prisoner in Burma

၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့ ပူးတွဲထုတ်ဝေခဲ့သည့် မြန်မာနိုင်ငံရှိ အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ အစီရင်ခံစာကို အောက်ပါလင့်ခ်များတွင် ဖတ်ရှုနိုင်ရန် ပြန်လည်တင်ပြလိုက်ပါသည်။

March News Briefing on Women’s Situation

မြန်မာ့အမျိုးသမီးသမဂ္ဂက ပြင်ဆင်ထုတ်ဝေထားတဲ့ မတ်လ အမျိုးသမီးတွေရဲ့ အခြေအနေ သတင်းအနှစ်ချုပ်ကို ဖတ်ရှုအားပေးနိုင်ပါပြီရှင့်။ သတင်းအနှစ်ချုပ်တွေထဲက အချက်အလက်တွေကို လိုအပ်သလို ကိုးကားအသုံးပြုနိုင်ပြီးတော့ အကြံပြုချက်များကိုလည်း ကြိုဆိုပါတယ်ရှင့်။   [wpdm_package id=’3957′]