မေလအတွင်း အမျိုးသမီးများဆိုင်ရာ အချက်အလက်

0

၂၀၂၃ ခုနှစ် မေလအတွင်း ဖမ်းဆီးထိန်းသိမ်းခံရ သည့် အမျိုးသမီး အရေအတွက် တိုးလာလျှက်ရှိ သကဲ့ သို့ ပြစ်ဒဏ်ချခံရသူနှင့် သေဆုံးသူ အမျိုးသမီး အရေ အတွက်တို့မှာလည်း များပြားနေဆဲဖြစ်သည်။ အကြမ်း ဖက်စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက် နေ့မှ စ၍ ၂၀၂၃ ခုနှစ် မေလ ၂၉ ရက်နေ့ထိ အကြမ်းဖက်စစ်တပ်၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရသည့် အမျိုးသမီး စုစုပေါင်း (၃၅၁၇) ဦး ထိ ရှိခဲ့ သည်။ ထိုသို့ ဖမ်းဆီး ထိန်းသိမ်းခံ ထားရသည့် အမျိုး သမီး (၈၅၉) ဦး သည် မတရားပြစ်ဒဏ်ချမှတ်ခြင်းကို ခံနေကြရသည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ် မေလအတွင်းတွင် အကြမ်း ဖက်စစ်တပ်၏ တဖက်သတ်အမိန့်ချ၍ ထောင်ဒဏ်ချခံရသည့် အမျိုးသမီး (၄၀) ဦး ထိ ရှိသည်။

Download Burmese Download English

 

Share.