ဖေဖော်ဝါရီလအတွင်း အမျိုးသမီးများဆိုင်ရာ အချက်အလက်များ
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း အမျိုးသမီးဖမ်းဆီးခံရသူများ သိသိသာသာ တိုးလာ သည်ကို တွေ့ရှိရသည်။ ဖေဖော်ဝါရီလအတွင်းတွင် အကြမ်းဖက်စစ်တပ်မှ အမျိုးသမီး စုစုပေါင်း (၃၅) ဦး အား မတရား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဖမ်းဆီးခံရသူ အမျိုးသမီး စုစုပေါင်း (၃၁၂၅) ဦး ထိ ရှိခဲ့သည်။ ထို့အပြင် အကြမ်းဖက်စစ်တပ်၏ ပြည်သူလူထုကို ဦးတည်၍ လက်နက် အားကိုးဖြင့် နှိမ်နင်းပစ်ခတ်ခြင်း၊ ကျေးရွာများသို့ ဝင်ရောက်စီးနင်း ပစ်ခတ်ခြင်းများအပြင် အရှင်လတ်လတ် မီးရှို့သတ် ဖြတ်ခြင်းများတို့ကြောင့် ဖေဖော်ဝါရီ လအတွင်း အသက်ဆုံးရှုံးရသည့် အမျိုးသမီး (၁၅) ဦး ထိရှိခဲ့သည်။
Leave a Reply
Want to join the discussion?Feel free to contribute!