ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ Press Release

ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ မှတ်တမ်းစာအုပ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

ရက်စွဲ။    ။ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၂ရက်

အာဏာရှင်ကျဆုံးဖို့ကတော့ ညီမတတ်နိုင်တဲ့ဘက်ကနေပြီးတော့ ကိုယ့်ရဲ့ နောက်ဆုံးအချိန်ထိ ပါဝင်သွားမယ်။ မတော်တဆအဖမ်းခံရရင်လည်း တော်လှန်ရေးကို သစ္စာမဖောက်ဘူး။ တကယ်လို့ အဖမ်းခံထိခဲ့မယ်ဆိုရင်လည်း စိတ်ဓါတ်နဲ့ ဆက်ပြီးတော့ တော်လှန်နေမယ်

ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ မှတ်တမ်းစာအုပ်ကို မြန်မာ့အမျိုး သမီးသမဂ္ဂ (Burmese Women’s Union) မှ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေသွားမည်ဖြစ်ပြီး မှတ်တမ်းစာအုပ် မိတ်ဆက်အား ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ၉ နာရီခွဲ (ထိုင်းစံတော်ချိန် ၁၀ နာရီ) တွင် အွန်လိုင်းဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။

ခေတ်ပြောင်းကြွေးကြော်သံအောက်မှ တော်လှန်အမျိုးသမီးများ မှတ်တမ်းစာအုပ်သည် မြန်မာ့အမျိုး သမီးသမဂ္ဂမှ နွေဦးတော်လှန်ရေးအတွင်း အမျိုးသမီးများ၏ တော်လှန်ရေးစိတ်ဓာတ်နှင့် ပါဝင်မှုပုံစံများကို စုစည်း မှတ်တမ်းတင်ထားသဖြင့် အမျိုးသမီးများ၏ တော်လှန်ရေးပါဝင်မှု၏ အခြေခံကျမှုများကို သိရှိနိုင်မည်ဖြစ်သည်။

ဤစာအုပ်တွင် (၁) အခြေခံအမျိုးသမီးများ၊ (၂) အခြေခံအလုပ်သမများ၊ (၃) လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူများ၊ (၄) အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်သည့် အစိုးရဝန်ထမ်းများ၊ (၅) နိုင်ငံရေးပါတီဝင် အမျိုးသမီးများ၊ (၆) မသန်စွမ်းအမျိုးသမီးများ၊ (၇) လိင်သဘောထားခံယူမှုခြားနားသူများနှင့် (၈) လက်နက်ကိုင် အမျိုးသမီးများ စသဖြင့် အလွှာစုံမှ အမျိုးသမီး ၃၄ ဦးတို့၏ နိုင်ငံရေးပါဝင်မှုကို ဖော်ပြမှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

 “နွေဦးတော်လှန်ရေးကို စခဲ့တာက စစ်အာဏာရှင်စနစ်တစ်ခုတည်းကို ဖြုတ်ချဖို့ မဟုတ်ပါဘူး။ နှစ် ပေါင်းများစွာ အမြစ်တွယ်လာတဲ့ ဘာသာရေးအစွန်းရောက်မှုတွေ၊ ခွဲခြားမှုတွေ တန်းတူညီမျှမှု မရှိခြင်းတွေ၊ နှိမ့် ချဆက်ဆံ ခြင်းတွေ စတဲ့လွဲမှားနေတဲ့ အတွေးအခေါ်ဟောင်းတွေကိုပါ တပါတည်း တိုက်ထုတ်ရမှာ ဖြစ်ပါတယ်စသဖြင့် အမျိုးသမီးများ၏ တော်လှန်ရေးခံယူချက်များကို ဤမှတ်တမ်းစာအုပ်မှတဆင့် မျက်ဝါးထင်ထင် လေ့လာနိုင်မည် ဖြစ်သည်။

 

 

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *