August Briefing on Women Situation
နိုင်ငံတဝန်း စစ်ကောင်စီတပ်ဖွဲ့များအား ခုခံတော်လှန်သည့် စစ်ပွဲများတွင် စစ်ကောင်စီဘက် မှ သာလွန်အင်အားများ အသုံးပြုခဲ့သော်လည်း အကျအဆုံးများနေ ဆဲဖြစ်သည်။ မြန်မာ တနိုင်ငံလုံးအား ရှေ့တန်း စစ်မြေပြင်သဖွယ်ဖြစ်အောင် စစ်တပ်မှ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များအား မီးရှို့ဖျက်ဆီးကာ မြေအောက်တော်လှန်ရေးသမားများအဖြစ်သို့ တွန်းပို့နေသည်။ ယခု အမျိုးသမီးများဆိုင်ရာ သတင်းအနှစ်ချုပ်သည် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ ဩဂုတ်လအတွင်း ခိုင်လုံသော သတင်းမီဒီယာများမှ စုဆောင်းရရှိထားသော သတင်းအချက်အလက်များအပေါ်တွင်သာ အခြေခံ၍ ပြင်ဆင်ထားခြင်း ဖြစ်သည်။ BWU မှ ကောက်ယူထားသော အချက်အလက်များနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းပြုစုထားချက်များအရ ဩဂုတ်လအတွင်း သေဆုံးသူ အမျိုး သမီး စုစုပေါင်း (၄၃) ဦး ရှိပြီး (၆၉) ဦး ဖမ်းဆီးခံခဲ့ရသည်။
Leave a Reply
Want to join the discussion?Feel free to contribute!