ပဋိပက္ခဒဏ်သင့်နေသည့်၊ အသွင်ကူးပြောင်းအုပ်ချုပ်ရေး အခြေအနေအတွင်း မြန်မာနိုင်ငံ၏ ဂျဲန်ဒါတန်းတူညီမျှမှု ရှိရေး၊ အားလုံးပါဝင်မှုရရှိရေးနှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာမူဘောင်များ၏ အနေအထားကို ဤမူဝါဒသုံးသပ်လေ့လာချက်က ဆန်းစစ်တင်ပြထားသည်။ ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ်၏ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်စဥ်သည် ဆယ်စုနှစ်များစွာ ခိုင်မာနေခဲ့ပြီးဖြစ်သည့် စစ်သွေးကြွစစ်သွေးဆန်ဝါဒကို ပိုမိုခိုင်မာသွားစေသည်သာမက လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု၊ အမျိုးသမီးများနှင့် ထိလွယ်ခိုက် လွယ်သော လူ့အသိုင်းအဝိုင်းအုပ်စုများအား ဖယ်ကျဥ်ထားမှုနှင့် ဒေသဆိုင်ရာ ကြားဖြတ်အုပ်ချုပ်ရေးအဖွဲ့အမျိုးမျိုး အဆင့်လိုက်ပေါ်ပေါက်လာကြခြင်းနှင့် အဖွဲ့အစည်းအဆောက်အအုံများသည်လည်း အောက်ခြေမှစတင်ကာ လွတ်မြောက်နယ်မြေများအတွင်း ပေါ်ပေါက်လာခြင်းစသည့် စနစ်လုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြစ်ပေါ်လာစေ သည်။
ဤမူဝါဒရေးရာသုံးသပ်ချက်စာတမ်းသည် ရှိနှင့်ပြီးသားစာရွက်စာတမ်း/အချက်အလက်များ သုံးသပ်ခြင်း၊ ဖြစ်ရပ် နှိုင်းယှဉ်လေ့လာမှုနမူနာများ (ဩစတြေးလျနှင့် တီမောလက်စ်တေ) နှင့် အုပ်ချုပ်ရေးဝန်ကြီးဌာနများအပါအဝင် တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းများ၊ အမျိုးသမီးများဦးဆောင်သည့် မဟာမိတ်အဖွဲ့များ၊ LGBTIQ+ အုပ်စုများနှင့် ဒေသတွင်းလူမှုအဖွဲ့အစည်းများစသည့် ပတ်သက်ဆက်နွယ်သက်ဆိုင်သူများစွာဖြင့် ကျယ် ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းမှုမှရရှိလာသော အချက်အလက်များကိုအခြေခံ၍ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးဆိုင်ရာ ကတိကဝတ်များကို လက်တွေ့အကောင်အထည်ဖော်ရာတွင် တိုးတက်မှုများနှင့် ဆက်လက်တည်ရှိနေ သေးသည့် ကွာဟချက်များကို မီးမောင်းထိုးပြထားသည်။
အဓိကရှာဖွေတွေ့ရှိချက်များ
-အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၂၄ ခုနှစ် ဂျဲန်ဒါတန်းတူညီမျှရေးမူဝါဒ (GEP2024)၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ စော်ကားခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ (PSEAH) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် တိုင်းရင်းသားအုပ်ချုပ်ရေး အဖွဲ့များက လက်ခံအတည်ပြုထားသည့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမူဘောင်များကို ရည်ရွယ် ရင်းမှန်သော်ြငား လက်တွေ့အကောင်အထည်ဖော်သည့်အခါတွင်မူ ညီညာပြေပြစ်မှုကင်းမဲ့လျက် ရှိနေဆဲ ဖြစ်သည်။
-ပဋိပက္ခနှင့်ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုများမှ ရှင်သန်လွတ်မြောက်လာသူများသည် အမှုဖွင့်တိုင်ကြားရန်၊ အထောက်အပံ့ရယူရန်နှင့် တရားမျှတမှု ရရှိရန်အတွက် ကြီးမားသောအတားအဆီးများနှင့် ရင်ဆိုင်နေရဆဲဖြစ်သလို တာဝန်ယူတာဝန်ခံမှုဆိုင်ရာ စနစ်ယန္တရားများ ပေါ်ထွက်လာနေသော်လည်း ခိုင်မာကျစ်လစ်မှုမရှိသေးပေ။
-အုပ်ချုပ်ရေးဆိုင်ရာ၌ ပါဝင်ပတ်သက်နေသူများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမျိုးသမီးအဖွဲ့ အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာသော်လည်း လုပ်ပိုင်ခွင့်များထပ်နေခြင်း၊ ရန်ပုံငွေ အကန့်အသတ်ရှိခြင်းနှင့် အလွတ်သဘောအရ ယုံကြည်မှုအခြေခံသည့်ကွန်ရက်များ အပေါ်မှီခိုနေရခြင်းစ သည့် အဟန့်အထားများရှိနေသည်။
-ဒေသအခြေအနေနှင့် လိုက်လျော်ညီစွာဆောင်ရွက်ခြင်းနှင့် ဖက်ဒရယ်မူအတိုင်း ချဉ်းကပ်လုပ်ဆောင်ခြင်း သည် ပဓာနကျပေသည်။ မြန်မာနိုင်ငံသည် တစ်ခုတည်းသော နိုင်ငံအဆင့်စီမံချက်များနှင့် လုပ်ဆောင် သည့် ဗဟိုအုပ်ချုပ်မှုကောင်းသောနိုင်ငံများ (ဥပမာ- ဩစတြေးလျ၊ တီမောလက်စ်တေ) နှင့်မတူဘဲ သီးခြားတိုင်း/ပြည်နယ်ဖက်ဒရယ်ပုံစံနှင့် စုံလင်ကွဲပြားမြောက်မြားလှသည့် တိုင်းရင်းသားလူမျိုးများရှိနေသည့် မြန်မာနိုင်ငံ၏ လက်တွေ့အခြေအနေသည် ဒေသအခြေအနေနှင့် လိုက်လျောညီထွေဖြစ်ပြီး တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သော ဘုံအခြေခံမူများ၌အခြေတည်သည့် အဆင့်များစွာပါဝင်သော မူဘောင်များကို တောင်းဆိုလျက်ရှိသည်။
ဤခွဲခြမ်းစိတ်ဖြာချက်မှ မြန်မာနိုင်ငံ၏ ရှေ့ဆက်ရမည့်ခရီးလမ်းကြောင်းအတွက် အောက်ပါအချက်များ လိုအပ်ကြောင်း ကောက်ချက်ချထားသည် –
· နိုင်ငံတကာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမူဘောင်အပေါ် အခြေခံထားသည့် နိုင်ငံအဆင့် စံနှုန်းများနှင့် ဒေသဆိုင်ရာပိုင်ဆိုင်မှုကို ဟန်ချက်ညီညီပေါင်းစပ်ထားသည့် အမျိုးသမီး၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး မူဘောင်များချမှတ်ရန်။
· အမျိုးသမီးများ၊ လိင်စိတ်ခံယူမှုကွဲပြားသူများနှင့် အခြားသောနည်းဖြင့်သန်စွမ်းသူများအတွက် ဥပဒေအရ အကာအကွယ်ပေးခြင်းနှင့် မှန်ကန်ခိုင်မာသည့် စီမံဆောင်ရွက်မှုများ ပြုလုပ်ပေးသွားရန်။
· လုံခြုံရေး၊ အုပ်ချုပ်မှုနှင့် တရားရေးဆိုင်ရာအခန်းကဏ္ဍတွင်း ပါဝင်လုပ်ဆောင်နေသူများအတွက် စွမ်းရည်မြှင့်တင်ပေးခြင်းအား တည်တည်တံ့တံ့ရေရှည်ပြုလုပ်သွားရန်။
· ရှင်သန်လွတ်မြောက်လာသူအား ဗဟိုပြုချဉ်းကပ်သည့် ခိုင်မာသည့် တာဝန်ယူတာဝန်ခံမှုနှင့် စောင့်ကြည့်စစ်ဆေးရေး စနစ်ယန္တရားများထူထောင်ရန်။
· အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးစု၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များနှင့် ကြားဖြတ် အုပ်ချုပ်ရေးကောင်စီများကို ချိတ်ဆက်ပေးမည့် အားလုံးပါဝင်သော ပူးပေါင်းဆောင်ရွက်မှုစင်မြင့် များ/လမ်းကြောင်းများ ဖော်ဆောင်ရန်။
· အမျိုးသမီးများနှင့် ဖယ်ကျဥ်ခံထားရသော အသိုင်းအဝိုင်းများ အတွက် အမျိုးသမီးများ ဖန်းမ်မနစ်ခေါင်းဆောင်မှုနှင့် အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးအရပါဝင် ဆောင်ရွက်နိုင်မှု အခွင့်အလမ်းများဖန်တီးပေးရန်။
· ရည်စူးနှစ်မြှုပ်ကတိပြုမှုမှသည် သက်ရောက်မှုအဖြစ်သို့ အကယ်စင်စစ်ဖြစ်လာရန် တစိုက်မတ်မတ်ရှိ သော ရေရှည်ဘဏ္ဍာငွေကြေးနှင့် နိုင်ငံရေးစိတ်ဆန္ဒတို့ဖြင့် ဆောင်ရွက်သွားရန်။
ခြုံငုံသုံးသပ်ရလျှင် မြန်မာနိုင်ငံတွင် ဂျဲန်ဒါတရားမျှတမှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရယူဖော်ဆောင်နိုင်ရန်မှာ အထိမ်းအမှတ်သင်္ကေအဆင့်လောက်သာရှိသည့် မူဘောင်များထက် ခိုင်ခံ့မှုရှိသော၊ အားလုံးအကျုံးဝင်သော၊ အရင်းအမြစ်ကောင်းမွန်စွာနှင့် ထောက်ကူထားသော စနစ်ယန္တရားများကို လိုအပ်နေပေသည်။ မြန်မာနိုင်ငံရှိ မတူကွဲပြားသော နယ်မြေ/တိုင်းဒေသဆိုင်ရာ အုပ်ချုပ်မှုကဏ္ဍ၌ ပါဝင်နေသူများသည် အမျိုးသမီးများ၊ LGBTIQ+ များ၊ အခြားသောနည်းဖြင့်သန်စွမ်းသူများနှင့် ပဋိပက္ခဒဏ်သင့်ပြည်သူတို့၏ အသံများကိုဗဟိုပြုလျက် ဖက်ဒရယ်ဒီမိုကရေစီမူဘောင်အတွင်း တရားမျှတသော၊ ငြိမ်းချမ်းသော၊ ဂျဲန်ဒါတန်းတူညီမျှမှုရှိသော အနာဂတ်ဆီသို့ အရောက်လှမ်းနိုင်မည်ဖြစ်သည်။
This policy analysis examines the state of gender equality, inclusion, and Women, Peace, and Security (WPS) frameworks in Burma’s conflict-affected and transitional governance context. Decades of militarism, deepened by the military’s illegal coup attempt in 2021, have created systemic challenges marked by sexual and gender-based violence (SGBV), marginalisation of women and vulnerable groups, and various stages of regional interim governance bodies and institutional buildings from the ground up across multiple liberated areas.
Drawing on desk reviews, comparative case studies (Australia and Timor-Leste), and extensive consultations with stakeholders, including governance ministries, ethnic resistance organisations (EROs), women-led coalitions, LGBTIQ+ groups, and grassroots CSOs, the paper highlights both progress and persistent gaps in translating WPS commitments into practice.
Key findings show that:
-Formal commitments such as the National Unity Government’s Gender Equality Policy 2024 (GEP2024), Prevention of Sexual Exploitation, Abuse, and Harassment (PSEAH) measures, and WPS frameworks adopted by NUCC and ethnic administrations demonstrate intent, but implementation remains uneven.
-Survivors of conflict-related sexual violence (CRSV) and SGBV face major barriers to reporting, support, and justice, with accountability mechanisms emerging but fragile.
-Coordination among governance actors, armed groups, and women’s organizations is improving yet hindered by overlapping mandates, limited funding, and reliance on informal trust networks.
– Localization and federalized approaches are essential. Unlike centralised contexts where single national action plans work (e.g., Australia, Timor-Leste), Burma’s federalising and ethnically diverse realities demand multi-level frameworks adapted to local contexts while anchored in shared national principles.
The analysis concludes that Burma’s path forward requires:
-Harmonized, federalized WPS frameworks balancing national standards with local ownership that is based on international framework of WPS.
-Legal protections and affirmative measures for women, LGBTIQ+ individuals, and persons with disabilities (PWDs).
-Sustained capacity building for security, governance, and justice actors.
-Robust, survivor-centred accountability and monitoring systems.
-Inclusive coordination platforms linking civil society, ethnic and regional governance, and interim councils.
-Feminist leadership and meaningful political participation for women and marginalized groups.
-Dedicated, long-term financing and political will to translate commitments into impact.
Overall, achieving gender justice and sustainable peace in Burma requires moving beyond symbolic frameworks to enforceable, inclusive, and well-resourced mechanisms. By centring the voices of women, LGBTIQ+, PWDs, and conflict-affected communities, Burma’s diverse local/regional governance actors can forge a pathway toward a just, peaceful, and gender-equal future in the framework of federal democracy.