မြန်မာ့အမျိုးသမီးသမဂ္ဂမှ ပြုစုရေးသားသော ဤအစီရင်ခံစာသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် ဇူလိုင်လ အတွင်း ပဋိပက္ခဖြစ်ပွားနေသော နယ်မြေဒေသများအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင် ရာအကြမ်းဖက်မှုကို ခွဲခြမ်းစိတ်ဖြာတင်ပြထားသည့် အစီရင်ခံစာဖြစ်သည်။ အမှုပေါင်း ၈၈ မှုအား ကောက်ယူမှတ်တမ်းတင်ခဲ့သည့် ဤအစီရင်ခံစာသည် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်စစ်တပ်မှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအား လက်နက်တခုသဖွယ် ကျယ်ပြန့်စွာအပြင် စနစ်တကျအသုံးပြုနေသည်ကို ဖော်ထုတ်လိုက်သည်။ အခြားသော လက်နက်ကိုင်အုပ်စုများသည်လည်း စနစ်တကျ ကျူးလွန်သည့်အသွင် မရှိသော်ငြား ဤလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ကျူးလွန်နေကြသည်ကိုလည်း ရှင်သန်လွတ်မြောက် လာသူများ၏ ထွက်ဆိုချက်များ၊ မျက်မြင် သက်သေများ၏ ပြောပြချက်များဖြင့် ထုတ်ဖော်ပြသနိုင်ခဲ့သည်။
အဓိကတရားခံ ချိုးဖောက်သူများမှာ တရားမဝင်စစ်အုပ်စု၊ (ပျူစောထီးကဲ့သို့သော) ၎င်း၏ ပြည်သူ့စစ်များ၊ စစ်အုပ် စုမှခန့်ထားသော ရပ်ရွာလူကြီးများဖြစ်ပြီး တော်လှန်ရေးအဖွဲ့ဝင်အချို့နှင့် အရပ်သားများလည်း ကျူးလွန်ချိုးဖောက် သူများ ရှိနေသည်ကို ထောက်ပြထားသည်။ ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟုဆိုရာတွင် မုဒိမ်းကျင့်မှု၊ အုပ်စုလိုက်မုဒိမ်းကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှု (အွန်လိုင်းနှင့် မြေပြင်တွင်)၊ ကြောက်လန့်အောင်ခြောက်လှန့်မှု၊ နှိပ်စက်ညှင်းပန်းမှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုစသည်ဖြင့် ပုံစံမျိုးစုံရှိသည်။ ထိုသို့သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကျူးလွန်ချိုး ဖောက်ခံရသူများမှာ အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဂျဲန်ဒါကွဲပြားခြားနားသူများနှင့် မသန်စွမ်းသူများ ဖြစ်ကြသည်။ ချိုးဖောက်ကျူးလွန်ခံ ရသူအား အပြစ်တင်ပြောဆိုခြင်း၊ အမည်းစက်စွန်း သွားသည်ဟု အရှက်ရအောင်ပယ်ထားခြင်းနှင့် ဆက်လက်ကာ ခြိမ်းခြောက်မှုများကြောင့် ရှင်သန်လွတ် မြောက်လာသူများမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အကျိုးဆက်များကို ရင်ဆိုင်ခံစား ကြရသည်ကို ထောက်ပြထားသည်။
တရားမဝင်စစ်အုပ်စု လွှမ်းမိုးထိန်းချုပ်ထားခြင်း၊ ယုံကြည်ကိုးစားဖွယ်ရာမဲ့သည့် တရားရေးစနစ်များ၊ အဆက်မ ပြတ်ဖြစ်ပွားနေသော ပဋိပက္ခနှင့် ပြစ်မှုကျူးလွန်သော်လည်း ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်ရနေခြင်းတို့ ကြောင့် တရားမျှတမှုရရှိရေးမှာ အကန့်အသတ်များနှင့် လွှမ်းနေသည်။ ဥပဒေမူဘောင်များ၊ အဖွဲ့အစည်းများအ တွင်း တာဝန်ယူတာဝန်ခံမှုများ အားနည်းနေသောကြောင့် တော်လှန်ရေးအဖွဲ့များအတွင်း တရားမျှတမှု ကြိုးပမ်းရာ ၌လည်း အကန့်အသတ်များစွာရှိနေသည်။ အရပ်ဘက်အဖွဲ့အစည်းများမှာ လုံခြုံရေးအန္တရာယ်များ၊ ငွေကြေးအ ထောက်အကူ မလုံလောက်မှုများနှင့် အမှုများကောက်ယူမှတ်တမ်းတင်ချိန်တွင် အတားအဆီး အခက်အခဲများစွာကို ရင်ဆိုင်တွေ့ကြုံနေကြသည်ကို ဤအစီရင်ခံစာက တွေ့ရှိဖော်ထုတ်ထားသည်။
ဤအစီရင်ခံစာမှ ရှင်သန်လွတ်မြောက်လာသူအား အလေးထားသည့် အကာအကွယ်ပေးရေး၊ ထိရောက်သည့် တာဝန်ယူတာဝန်ခံမှုရှိရေး၊ ချမှတ်ထားသော ဥပဒေမူဘောင်များ ပိုမိုခိုင်မာလာစေရေး၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာ ရှိပါတနာများအကြား ဤအ ရေးကိစ္စအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုကို အမြန်ဆုံးပြုလုပ်ဆောင်ရွက်ရန် တိုက်တွန်းထားသည်။
This report, published by the Burmese Women’s Union (BWU), analyzes conflict-related sexual violence (CRSV) in Myanmar from January 2024 to July 2025 across key conflict-affected regions. Documenting 88 cases, it exposes widespread, systematic sexual violence used as a weapon of war by multiple armed actors, the illegal Myanmar military and its militia.
Primary perpetrators include the illegal military junta, its militias (such as Pyu Saw Htee), military-appointed village leaders, some resistance forces, and civilians. CRSV takes the form of rape, gang rape, sexual harassment (online and offline), intimidation, torture, and exploitation. Survivors include women, girls, elderly, LGBTQIA+ individuals, and persons with disabilities. Survivors suffer severe physical, psychological, and social consequences, exacerbated by victim blaming, stigma, and ongoing threats.
Access to justice is severely constrained by military dominance, compromised judicial systems, ongoing conflict, and entrenched impunity. Resistance groups’ justice efforts face limitations due to weak legal frameworks and internal accountability gaps. Civil society organizations experience security risks, funding shortages, and obstacles in documentation.
The report urges urgent measures: survivor-centered protection, effective accountability, stronger legal frameworks, and enhanced cooperation among the National Unity Government, ethnic resistance groups, civil society, and international partners. These steps are essential to uphold Myanmar’s international obligations, prevent further CRSV, and support survivors amid the country’s evolving conflict.