ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ၃ လတာ အမျိုးသမီးများ၏ အခြေအနေများ သတင်းသုံးသပ်ချက်

0

မြန်မာ့အမျိုးသမီးသမဂ္ဂမှ ပြင်ဆင်ထုတ်ဝေသည့် ဖေဖော်ဝါရီလမှ ဧပြီလ ၃ လတာအတွင်း အမျိုးသမီးများ၏ အခြေအနေများ သတင်းသုံးသပ်ချက်များကို အောက်ပါ လင့်ခ်များတွင် Download လုပ်၍ ဖတ်ရှုနိုင်ပါသည်။ နိုင်ငံရေး မငြိမ်သက်မှုများ၏ အကျိုးဆက်များကြောင့် စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးများ ယိုင်နဲ့လာသည့်နည်းတူ အမျိုးသမီးများ၏ အခြေအနေများမှာလည်း ပိုမိုကြပ်တည်းဆိုးရွားလျှက်ရှိသည်။

စစ်အာဏာရှင် ဆန့်ကျင်သည့် အမျိုးသမီးများအား စစ်ကောင်စီမှ မတရားဖမ်းဆီး ထောင်ဒါဏ်ချ မှတ်ခြင်းများ ရှိနေ၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှ ၂၀၂၂ ခုနှစ် ဧပြီလအထိ အာဏာသိမ်းစစ်အုပ်စု၏ ဖမ်းဆီး ထိန်း သိမ်းခြင်း ခံရသည့် အမျိုးသမီးပေါင်း (၂၀၅၅) ဦးရှိခဲ့ပြီး ပစ်ဒါဏ်ချမှတ်ခံရသူ အမျိုးသမီး (၁၅၃) ဦး ရှိခဲ့သည်။ အမြင့်ဆုံး ပစ်ဒါဏ်အဖြစ် သေဒါဏ်ချမှတ်ခံရသည့် အမျိုးသမီးများ (၈) ဦး ရှိသကဲ့သို့ ထောင်ဒါဏ် တသက် တကျွန်း ချမှတ်ခံထားသူ အမျိုးသမီး (၆) ဦး ရှိခဲ့သည်။ စုစုပေါင်း သေဆုံးသူ အမျိုးသမီး (၁၇၁) ဦးရှိခဲ့သည်။

Download Burmese Download English

 

Share.