အမျိုးသမီးဆိုင်ရာ အချက်အလက် မတ်လ၊ ၂၀၂၅

0

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းမြို့အနီးတွင် ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၇.၇ အင်အားရှိ မြေငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့သည်။ အထိအခိုက်၊အပျက်အစီးနှင့် သဘာဝဘေးကြောင့် သေကြေမှုများကြားတွင်လည်း အကြမ်းဖက် စစ်တပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေဆဲဖြစ်သည်။

ယခုလတွင်လည်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုကို ယခင်လများထက် ပိုမို အသုံးပြုကာ သဘာဝဘေးကြုံစဉ်၌ပင် အကြမ်းဖက်လုပ်ရပ်ကို တွင်ကျယ်စွာ ပြုလုပ်နေသည်ကို တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ ၂၀၂၅ ခုနှစ် မတ်လတွင်လည်း မြန်မာနိုင်ငံ အနှံ့မှ အမျိုးသမီး (၆၆) ဦး သေဆုံးခဲ့ရသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အမျိုးသမီးမှတ်တမ်းနှင့်သုတေသနလုပ်ငန်းစဉ်အနေဖြင့် ယခုထုတ်ပြန်သည့် အချက်အလက်များမှာ တိကျခိုင်လုံသော သတင်းမီဒီယာအချက်အလက်များနှင့် မြေပြင်မှရရှိသည့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပဋိပက္ခကာလအတွင်း မြန်မာ့အမျိုးသမီးများ၏ ရဲရင့်မှုနှင့် ရှင်သန်မှုများသည် တရားမျှတမှုနှင့် တန်းတူညီမျှမှုအတွက် ထင်ဟပ်သော အသံတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်လျက် ရှိသည်။

Download Burmese Download English
Share.