အာဏာသိမ်းကြိုးပမ်းမှုကာလ အမျိုးသမီး၏အခြေအနေ
အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့အထိ အာဏာသိမ်းစစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့် အမျိုးသမီးပေါင်း (၁၆၂၂)ဦးရှိခဲ့ပြီး ပြစ်ဒါဏ်ချမှတ်ခံရသူ အမျိုးသမီး (၉၅)ဦး ရှိခဲ့သည်။
အမြင့်ဆုံးပြစ်ဒါဏ်အဖြစ် သေဒါဏ်ချမှတ်ခံရသည့် အမျိုးသမီးများ (၅) ဦးထိ ရှိသကဲ့သို့ ထောင်ဒါဏ် တသက်တ ကျွန်းချမှတ်ခံထားသူ အမျိုးသမီး (၆)ဦးထိ ရှိခဲ့သည်။ ဖမ်းဆီးခံပုဒ်မများနှင့် စွပ်စွဲခံရသူများမှာ မျှတသည့်တရား ခွင် အယူခံခွင့်တို့ ဆုံးရှုံးနေကြသည်။ တနှစ်အတွင်း အမျိုးသမီးများ၏ အခြေအနေများကို အင်္ဂလိပ်၊ မြန်မာ (၂) ဘာသာဖြင့် ဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။