ဇူလိုင်လအတွင်း အကြမ်းဖက် စစ်အုပ်စုသည် အမျိုးသမီး ၂၆ ဦီးအား သတ်ဖြတ်ခဲ့

0

၂၀၂၆ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှ (၃၁) ရက်နေ့အတွင်း မြန်မာ့အမျိုးသမီး သမဂ္ဂ၏ အချက်အလက် ကောက်ယူမှုများအရ အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံ တဝှမ်း အမျိုးသမီး (၂၆) ဦး အသက် ဆုံးရှုံးခဲ့ရသည်။
အကြမ်းဖက် စစ်အုပ်စုသည် အစိုးရတရပ် ပုံစံ ပုံဖော်နေသော်လည်း လက်တွေ့တွင် နိုင်ငံတဝှမ်း လေကြောင်းတိုက်ခိုက်ခြင်း၊ ပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း အစရှိသည့် အကြမ်းဖက် လုပ်ရပ်များကိုသာ စဥ်ဆက်မပြတ် တွင်ကျယ်စွာ လုပ်ဆောင်နေသည်။
အကြမ်းဖက် စစ်အုပ်စု၏ အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ရန်အတွက် အားကောင်းပြီးတိကျသေချာသော အကူအညီနှင့် လက်တွေ့လုပ်ဆောင်များကို မြန်မာပြည်သူများ အရေးတကြီးလိုအပ်လျက်ရှိသည်။

Download Burmese Download English
Share.