တရားမဝင် အကြမ်းဖက် စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှ စတင်ကာ (၅) နှစ်နီးပါး ကာလတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခဲ့သည်။
ယခုလတွင်လည်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်ခြင်း ကို ယခင်လများထက် ပိုမို အသုံးပြုကာ အကြမ်းဖက် လုပ်ရပ်များကို တွင်ကျယ်စွာ ပြုလုပ်နေသည်။ထို့ကြောင့်၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင်လည်း အမျိုးသမီး (၅၁)ဦး သေဆုံးခဲ့ရသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ထူးခြား ဖြစ်စဥ်များ အနေဖြင့် နိုဝင်ဘာလ (၄) ရက်နေ့ တွင် သံတောင်ကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ဘုရင့်နောင် သင်တန်းကျောင်းမှ စစ်သားများနှင့် ၁၂၄ တပ်ရင်းမှ စစ်သားများ စနေကုန်းကျေးရွာနေ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်အား စစ်သား (၃) ဦးမှ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်စဥ်နှင့် နိုဝင်ဘာလ (၇) ရက်တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာနှင့် ယိုးတရုပ်ကျေးရွာတို့အား အကြမ်းဖက် စစ်တပ်မှ လေကြောင်း တိုက်ခိုက်သည့် ဖြစ်စဥ်ဖြစ်ပြီး ထို ဖြစ်စဥ်တွင် အမျိုးသမီး (၄) ဦးထိ သေဆုံးခဲ့သည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အမျိုးသမီးမှတ်တမ်းနှင့်သုတေသနလုပ်ငန်းစဉ်အနေဖြင့် ယခုထုတ်ပြန်သည့် အချက်အလက်များမှာ တိကျခိုင်လုံသော သတင်းမီဒီယာအချက်အလက်များနှင့် မြေပြင်မှရရှိသည့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပဋိပက္ခကာလအတွင်း မြန်မာ့အမျိုးသမီးများ၏ ရဲရင့်မှုနှင့် ရှင်သန်မှုများသည် တရားမျှတမှုနှင့် တန်းတူညီမျှမှုအတွက် ထင်ဟပ်သော အသံတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်လျက်ရှိသည်။
Almost five years have passed since the illegal military junta attempted the coup on February 1, 2021. Throughout these years, the illegal military junta have continued to commit various forms of severe human rights violations that amount to war crimes and crimes against humanity. For women, due to the various forms of human rights violations that they face on a daily basis, including conflict-related sexual violence, many have lost their lives. In November 2025, significant incidents were on 4th November, in Thandaunggyi Township, military soldiers gang raped an 18-year-old woman from Sanaykone Village and killed her and on 7th November, in Ponnagyun Township, Rakhine State, the military launched airstrikes on Aung Phyu Pin village and Yoe Ta Yoke village, during which four women were killed. The reported data has been monitored and collected from reliable media sources by Burmese Women’s Union (BWU).
Download Burmese Download English