70 Women were killed due to airstrikes and ground attacks illegal military junta

0

Almost five years have passed since the illegal military junta attempted the coup on February 1, 2021. Throughout these years, the illegal military junta have continued to commit various forms of severe human rights violations that amount to war crimes and crimes against humanity. For women, due to the various forms of human rights violations that they face on a daily basis, including conflict-related sexual violence, many have lost their lives. In October 2025 alone, 70 women have been killed. In October 2025, one significant incident occurred a on October 6, round 8 p.m. near the border of Monywa and Chaung-U Townships in the northern part of Chaung-U Township. A Thadingyut Festival event was taking place when the military junta attacked, using two 120mm artillery shells and a paramotor to drop bombs on the crowd.The attack killed 22 people and injured around 55 people. The reported data has been monitored and collected from reliable media sources by Women Research and Documentation Program, Burmese Women’s Union.

(မြန်မာဘာသာဖြင့် အောက်တွင် ဖော်ပြထားသည်။)

တရားမဝင် အကြမ်းဖက် စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှ စတင်ကာ (၅) နှစ်နီးပါး ကာလတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခဲ့သည်။

ယခုလတွင်လည်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်ခြင်း ကို ယခင်လများထက် ပိုမို အသုံးပြုကာ အကြမ်းဖက် လုပ်ရပ်များကို တွင်ကျယ်စွာ ပြုလုပ်နေသည်။ထို့ကြောင့်၂၀၂၅ ခုနှစ် အောက်တိုဘာလတွင်လည်း အမျိုးသမီး (၇၀)ဦး သေဆုံးခဲ့ရသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ထူးခြား ဖြစ်စဥ်များ အနေဖြင့် အောက်တိုဘာ (၆) ရက်နေ့ ည ၈ နာရီ ဝန်းကျင်အချိန် မုံရွာနှင့် ချောင်းဦးမြို့နယ်အစပ်၊ ချောင်းဦးမြို့နယ် မြောက်ခြမ်း တစ်နေရာတွင် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် ဆီမီးထွန်း သပိတ် ပြုလုပ်နေသူများအား စစ်အုပ်စုမှ ၁၂၀ မမ လက်နက်ကြီး နှစ်လုံး သုံးကာ ပါရာမော်တာဖြင့် ဗုံးကြဲခြင်း ဖြစ်စဥ်ဖြစ်သည်။ ယင်း ဖြစ်ရပ်ကြောင့် သေဆုံးသူ (၂၂)​ ဦး ရှိ၍ ထိခိုက် ဒဏ်ရာရရှိသူ (၅၅) ဦးထိ ရှိခဲ့သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အမျိုးသမီးမှတ်တမ်းနှင့်သုတေသနလုပ်ငန်းစဉ်အနေဖြင့် ယခုထုတ်ပြန်သည့် အချက်အလက်များမှာ တိကျခိုင်လုံသော သတင်းမီဒီယာအချက်အလက်များနှင့် မြေပြင်မှရရှိသည့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပဋိပက္ခကာလအတွင်း မြန်မာ့အမျိုးသမီးများ၏ ရဲရင့်မှုနှင့် ရှင်သန်မှုများသည် တရားမျှတမှုနှင့် တန်းတူညီမျှမှုအတွက် ထင်ဟပ်သော အသံတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်လျက်ရှိသည်။

Download English Download Burmese
Share.