ယခုသတင်းသုံးသပ်ချက်သည် ဧပြီလမှ ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် အမျိုးသမီးများ နှင့် ပတ်သက်သည့်သတင်းများကို အခြေခံ၍ သုံးသပ်ထားခြင်း ဖြစ်ပါသည်။ ပြီးခဲ့သည့် ၃ လအတွင်း အကြမ်းဖက် စစ်အုပ်စုမှ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် ဖမ်းဆီးနှိပ်စက်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းစသည့် လူသား ဖြစ်မှုကို ဆန့်ကျင်သော ကျူးလွန်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ် ကျူးလွန်လျက်ရှိပြီး တရားဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်သည့် အခြေအနေသည် လည်း အာဏာသိမ်း စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် ကင်းမဲ့လျက်ရှိသည်။ ထို့အပြင် အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတွင် တတ်ကြွစွာပါဝင်နေသည့် အမျိုးသမီးများ၏ နိုင်ငံရေးလှုပ် ရှားမှုများမှာလည်း ပိုမိုဖိနှိပ်မှုများနှင့် ကြုံတွေ့နေကြရသည်။
သုံးသပ်ချက်တွင် ဖော်ပြထားသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်မှု ကိန်းဂဏန်းများသည် မြန်မာ့အမျိုးသမီးသမဂ္ဂမှ ရရှိထားသည့် အချက်အလက် များပေါ်တွင်သာ အခြေခံထားခြင်းဖြစ်ပြီး မတည်ငြိမ်သည့် အခြေအနေများနှင့် ဆက်သွယ်ရေး အခက်အခဲများ ကြောင့် တကယ့်လက်တွေ့တွင် ကိန်းဂဏန်းများ ပိုမိုများပြားနိုင်သည်။
Download