Reporting sexual violence in Myanmar

0

Reporting sexual violence in Myanmar from 1 February 2021

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရခြင်းဖြစ်ရပ်များအား တိုင်ကြားခြင်း နိုင်ရန် လမ်းညွှန်

This document contains in English and Burmese. It is for anyone who has experienced sexual violence by armed actors, de facto authorities, members of the police force, military, or other defence services personnel or those associated with them since 1 February 2021.

ဤအကြောင်းအရာသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်၍ စစ်ကောင်စီ၊ စစ်ကောင်စီနှင့် စပ်ဆိုင်သော အာဏာရှင်များ၊ ရဲ အဖွဲ့ဝင်များ၊ စစ်တပ်အဖွဲ့ဝင်များ နှင့် ထိုသူတို့နှင့် စပ်ဆက်သောသူများမှ  လိင်ပိုင်းဆိုင်ရာကျူးလွန်သော ကြောင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူများအတွက် ရည်ရွယ်ပါ သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုး စလုံးဖြင့် ရေးသားထားခြင်း ဖြစ်သည်။

This is not an official document. It seeks to provide people in Myanmar with information on how to report such violence to international mechanisms and some health and medical information.

ဤအကြောင်းအရာသည် တရားဝင်ထုတ်ပြန်သော လမ်းညွှန်စာ မဟုတ်ပါ။ မြန်မာနိုင်ငံရှိ ပြည်သူများက နိုင်ငံတကာမှ ဖွဲ့စည်းထားသော ယန္တယားတစ်ရပ်ထံသို့ တိုင်ကြားစာအဖြစ် မည်သို့ပေးပို့နိုင်ကြောင်း လမ်းညွှန်ခြင်းနှင့် ကျန်းမာရေးနှင့် အရေးပေါ်ကုသရေး အချက်အလက်များကို ပြည်သူများ သိရှိစေရန် ဝေမျှခြင်းသာ ဖြစ်သည်။

It includes:

ပါဝင်သော အချက်များမှာ –  

  1. Tips for supporting survivors to report (လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူ၏အကြောင်းကို သက်ဆိုင်ရာသို့ တိုင်ကြားရာတွင် လုပ်ဆောင်ထောက်ပံ့ရမည့်အချက်များ)
  2. Avoiding unwanted pregnancy and sexually transmitted infections  ( ဆန္ဒဆန့်ကျင်မလိုချင်သော ကိုယ်ဝန် တားဆီးကာကွယ်ရန်နှင့် လိင်မှတဆင့်ကူးစက်သော ကာလသားရောဂါများကို ကာကွယ်ရန် အထောက်အကူပြုသည့် အချက်များ)
  3. Collecting evidence (သက်သေအထောက်အထားများကို စုဆောင်းခြင်း)
  4. Where the report goes (တိုင်ကြားစာကိုသက်ဆိုင်ရာသို့ ပေးပို့ခြင်း)
  5. Informed consent (သဘောတူရန် ခွင့်ပြုချက်တောင်းခံခြင်း)
  6. Human rights violation reporting – questions (လူ့အခွင့်အရေးချိုးဖောက်မှုကို တိုင်ကြားနိုင်ရန် မေးခွန်းများကို ဖြေဆိုပြီး သက်ဆိုင်ရာသို့ တိုင်ကြားခြင်း)

 

A.Tips for supporting survivors to report (လိင်အကြမ်းဖက်ခံရသူ၏ အကြောင်းကို သက်ဆိုင်ရာသို့ တိုင်ကြားရာတွင် လုပ်ဆောင်ထောက်ပံ့ရမည့်အချက်များ)

  •  Sexual violence can be perpetrated against men, women, girls and boys, and transgender people.
  • အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီး၊ အမျိုးသားကဲ့သို့ ဝတ်စားဆင်ယင်ပြုမူနေထိုင်သူ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရနိုင်ပါသည်။
  •   Sexual violence takes many forms – forced nudity, strip searching, digital penetration with fingers, penetration with objects, penetration with male genitalia, forced sex acts with others in detention, forced impregnation, forced abortion, and other degrading and humiliating acts.
  • လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပုံစံမျိုးစုံမှာ – အတင်းအဓမ္မ အဝတ်ချွတ်ခိုင်းခြင်း၊ အဝတ်ချွတ်ခိုင်းပြီး လိင်အင်္ဂါကို ကိုင်ခြင်း၊ လိင်အင်္ဂါထဲသို့ လက်ချောင်းများ ထိုးသွင်းခြင်း၊ အရာဝတ္ထုဖြင့် လိင်အင်္ဂါထဲသို့ ထိုးသွင်းခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ချုပ်နှောင်ထားပြီး အခြားသူများနှင့် အတင်းအဓမ္မလိင်အပြုအမူ ပြုလုပ်ခြင်း၊ အတင်းအဓမ္မ ကိုယ်၀န်ဆောင်ခိုင်း ခြင်း၊ အတင်းအဓမ္မ ကိုယ်၀န်ဖျက်ချစေခြင်း၊ ယုတ်ညံစေသောရည်ရွယ်ချက်ဖြင့် အခြားလုပ်ရပ်များ ပြုလုပ်ခြင်း။
  •  It is not the role of a service provider to take statements from survivor and most are not trained to take human rights violations reports. They can support a survivor through the process by providing health (mental, physical) and social welfare referrals wherever possible.
  • အကူအညီပေးသူများသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူထံမှ တိုင်ကြားချက်ကို ရယူလက်ခံသူများ မဟုတ်ပါ။ ထို့ပြင် ကူညီသူအများစုသည် လူ့အခွင့်အရေးချိုးဖောက်ခံရသည့်အခါ တိုင်ကြားစာကို မည်သို့ လက်ခံရယူရ မည် ဆိုသည့်  သင်တန်းကိုလည်း ရရှိထားသူများမဟုတ်ပါ။ သူတို့သည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့အပြင် လူမှုဖူလုံရေးကိစ္စများကို ထောက်ပံ့ ကူညီ လမ်းညွှန်ဆက် သွယ်ပေး နိုင်သူများဖြစ်သည်။
  • Providing a statement following sexual violence can be a highly emotional and confronting process. Listen carefully to survivors, pause frequently to provide space for individuals to move through various emotions, try not to interrupt or rush the process.
  • လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရပြီးနောက်တွင် ဖြစ်ရပ်ပြန်ပြောရခြင်းသည် ရှင်သန်ကျန်ရစ်သူဖို့ စိတ်လှုပ်ရှားမှုကို မြှင့်တတ်စေခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့် အခြေအနေကို ဖြစ်ပေါ်စေနိုင်သည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူမှ ပြောသောစကားများကို သေချာနားထောင်ပေးပါ။ သူစိတ်ခံစား မှုပေါ်မှာ မူတည်၍ စိတ်အခြေအနေသူပြန်ထိန်းနိုင်စေရန် ခဏရပ်သင့်လျှင်ရပ်ပြီး၊ သူလိုအပ်သော နေရာနှင့် အချိန်လုံလောက်စွာပေးပါ။
     စိတ်သက်သာ ရာရဖို့အတွက် နေရာပြောင်းပေးခြင်းကို မကြာခဏပြုလုပ်ပေးပါ။ စကားပြောနေစဉ်အတွင်း ဖြတ်ပြောတာနှင့် အမြန်ပြီးစေချင်သော အပြုအမူများ မလုပ်မိစေရန် သတိပြုပါ။
  • Find a private space for the survivor to give the statement where no one will overhear or interrupt. Allow the survivor to determine who is in the room. Avoid having the survivor recount the incident more than once.
  • သီးခြားလုံခြုံမှုရှိသော နေရာတွင် လိင်အကြမ်းဖက်ခံရသူထံမှ ထွက်ဆိုချက်များကို ရေးသားပြီး မှတ်တမ်းတင်ပါ။ လိင်အကြမ်းဖက်ခံရသူကိုယ်တိုင် စိတ်ချနိုင်ရန် အခန်းထဲတွင် အကြမ်းဖက်ခံရသူမှသာ မည်သူရှိသင့် နိုင်ကြောင်း ဆုံးဖြတ်ပါစေ။  မည်သူရှိကြောင်း အတည်ပြုပါ။ လိင်အကြမ်းဖက်ခံရသူမှ အဖြစ်အပျက်များကို ပြောသည့်အခါ တစ်ကြိမ်ထက်ပို၍ ပြောခိုင်းခြင်းကို ရှောင်ကျဉ်ပါ။
  • Factual information is required for many of the questions below. It is equally important and acceptable for survivors to talk about how this experience made them feel. You can record those comments in question no. 13 – ‘Anything else important to know.’
  • အောက်တွင်ဖော်ပြထားသော မေးခွန်းများသည် အကြောင်းအရာအမှန်ဖြစ်ရန် လိုအပ်ပါသည်။ ထိုနည်းတူစွာပင် ၎င်းဖြစ်စဉ်တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူအား မည်သို့စိတ်ခံစားချက်များ ဖြစ်ပေါ်စေသည့်အကြောင်း ပြောဆိုခြင်းကို သင်မှ လက်ခံပေးဖို့ အရေးကြီးသည်။
    လိင်အကြမ်းဖက်ခံရသူက ဤအတွေ့အကြုံသည် ၎င်းအတွက် မည်သို့ခံစားရသည်ကို သိရှိရန် အရေးကြီးသည်။ မေးခွန်းနံပါတ် ၁၃ တွင် မှတ်တမ်းကို ရေးသားနိုင်သည်။ ‘နောက်ထပ်အရေးကြီးတဲ့ အချက်တွေရှိသေးလား’

 

1. Safety: ensure the safety and security of survivor, their family, and those who assist them. 2. Respect: recognize and value the wishes, choices, rights and dignity of survivors and do not impose your own opinions or assumptions.
3. Confidentiality: promote the survivor’s safety, trust and empowerment and do not disclose any information about the survivor without having obtained informed consent. 4. Non-discrimination: provide equal treatment regardless of a survivor’s age, gender, disability, race, religion, nationality, citizenship, ethnicity, or sexual orientation.

 

၁။ လုံခြုံမှု – လိင်အကြမ်းဖက်ခံရသူနှင့်တကွ မိသားစုနှင့် ကူညီသူများသည် ဘေးကင်းမှုနှင့် လုံခြုံမှု ရှိပါစေ။ ၂။ လေးစားမှု – လိင်အကြမ်းဖက်ခံရသူများ၏ ဆန္ဒများ၊ ရွေးချယ်မှုများ၊ အခွင့်အရေးများနှင့် ဂုဏ်သိက္ခာတို့ ကို အသိအမှတ်ပြု တန်ဖိုးထားပါ။ သင်၏အထင်များ၊ အတွေးအခေါ်ယူဆချက်များဖြင့် ထိုလူ အပေါ်အတင်း ဆွဲချက်များမတင်ပါနှင့်။
၃။ ယုံကြည်စိတ်ချမှု – လိင်အကြမ်းဖက်ခံရသူ၏ ဘေးကင်း လုံခြုံမှု၊ ယုံကြည်မှု၊ လုပ်နိုင်စွမ်းတို့ကို မြှင့်တင်ပေး ပါ။ လိင်အကြမ်းဖက်ခံရသူ၏ သဘောတူညီ ချက်မရရှိဘဲ ထိုသူနှင့် ပတ်သက်သော အချက်အလက်များကို မထုတ်ဖော်ပါနှင့်။ ၄။ ခွဲခြားဆက်ဆံခြင်းမပြုရ – လိင်အကြမ်းဖက် ခံရသူ၏ အသက်၊ ဂျန်ဒါ၊ မသန်စွမ်းမှု၊ လူမျိုး၊ ဘာသာ၊ နိုင်ငံသား ဖြစ်တည်မှု၊ လိင်ပိုင်းဆိုင်တိမ်းညွှတ်မှုတို့အပေါ် ခွဲခြားဆက်ဆံခြင်းမပြုရ။

 B. Avoiding unwanted pregnancy and sexually transmitted infections. 

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများအတွက် ဆန္ဒဆန့်ကျင် မလိုချင်သောကိုယ်ဝန် တားဆီးကာကွယ်ရန်နှင့် လိင်မှတဆင့် ကူးစက်တတ်သော ကာလသားရောဂါများကို ကာကွယ်ရန် အထောက်အကူပြုသည့် အချက်များ

See the documents here: အချက်အလက်များကို ဒီနေရာတွင် ကြည့်ပါ။

https://myanmar.unfpa.org/en/publications/guidelines-healthcare-response-gbvhttps://myanmar.unfpa.org/sites/default/files/pub-pdf/msi_clinics.pdf

  • Where possible, seek medical advice as soon as possible following an incident.
  • အကြမ်းဖက်ခံရပြီးပါက ဖြစ်နိုင်သမျှအမြန်ဆုံး ဆေးဘက်ဆိုင်ရာ အကြံဉာဏ်များ ရယူပါ။
  • Follow this QR code for a list of clinics that can support survivors with advice and care for free*: QR Code to Link to MSI Clinics
  • ပေးထားသော QR ကုဒ်ကိုဖတ်ပြီး ဆေးခန်းစာရင်းကို ရယူထားပါ။ ယင်းဆေးခန်းတို့သည် လိင်အကြမ်းဖက်ခံရသူအား ကျန်းမာရေးနှင့် ပတ်သက်သော အကြံဉာဏ်များ ပေးနိုင်ပြီး အခမဲ့ ဆေးကုသ ပေးသော ဆေးခန်းများ ဖြစ်သည်။ MSI မှ QR ကုဒ် ကို ပူးတွဲရန်။
  •  Request from medical support within 72 hours, post-exposure prophylaxis (PEP) – this is to reduce exposure to HIV transmission. Ideally, the PEP should be administered within 4 hours of the attack. It is administered for the next 28 days. It can have side effects for some people such as fatigue and nausea. If possible, PEP use should be guided by a medical professional.
  • HIV ရောဂါပိုးကူးစက်မှုကို ကာကွယ်ရန် ၇၂ နာရီအတွင်း ပိုးတားဆေး (PEP) သောက်နိုင်ပါသည်။ အဆိုပါ PEP မှာ အကြမ်းဖက်ခံရပြီးခြင်း ၄ နာရီအတွင်း သောက်နိုင်ပါက ထိရောက်မှုအရှိဆုံး ဖြစ်ပါ သည်။ ပိုးကူးစက်မှုကို ထိထိရောက်ရောက်ကာကွယ်ရန် ပိုးတားဆေးကို ၂၈ ရက် မပျက်မကွက် သောက်ရပါမည်။ အချို့သောသူများတွင် ဘေးထွက်ဆိုးကျိုးများ (မောပန်းခြင်းနှင့် မူးဝေခြင်း) ရှိနိုင် သဖြင့် PEP ဆေးသောက်ရန်အတွက် ကျန်းမာရေးဝန်ထမ်းဖြင့် ဆွေးနွေးတိုင်ပင်ရပါမည်။
  • As soon as possible, and within 120 hours or 5 days take emergency contraception to prevent pregnancy. It is more effective the earlier that it is taken after unwanted sex. This is not abortion. There are two options and both should be available in most pharmacies:
    • Option 1: Take emergency contraception pills
    • Option 2: If you do not have emergency contraceptive pills available, take 4 tablets of daily contraceptive pills and then another 4 pills 12 hours later.
  • ဆန္ဒဆန့်ကျင် မလိုချင်သောကိုယ်ဝန်ရရှိခြင်းမှ တားဆီးကာကွယ်ရန် အရေးပေါ် သန္ဓေတားဆေးကို လိင်အကြမ်း ဖက်ခံရပြီးနောက် ၅ ရက် (သို့မဟုတ်) နာရီ ၁၂၀ အတွင်း စောနိုင်သမျှ စောစော သောက်ရန်လို အပ်ပါသည်။ သန္ဓေတားဆေးသောက်သုံးခြင်းသည် ကိုယ်ဝန်ဖျက်ခြင်း မဟုတ်ပါ။    အရေးပေါ် သန္ဓေတားနိုင်ရန်အတွက် ရွေးချယ်စရာ (၂) မျိုးရှိပြီး ထိုဆေးများသည် ဆေးဆိုင်များတွင် အလွယ်တကူ ရရှိပါသည်။
    • ပထမရွေးချယ်စရာ – အရေးပေါ်သန္ဓေတားဆေးကဒ်ကို သောက်ရန်။
    •  ဒုတိယရွေးချယ်စရာ – အရေးပေါ်သန္ဓေသားတားဆေးမရနိုင်ပါက ပုံမှန်နေ့စဉ်သောက် သန္ဓေသားတားဆေးကဒ်မှ ဆေး (၄) လုံးကို အရင်သောက်ပြီးနောက် ၁၂ နာရီခြားလျှင် နောက်ထပ် ၄ လုံးထပ်သောက်ပါ။
  • If a survivor does not get her period within 21 days, she should seek out further medical care.
  • အကယ်၍ လိင်အကြမ်းဖက်ခံရသူသည် ဆေးသောက်ပြီး ၂၁ ရက်အတွင်း ဓမ္မတာ မလာပါက နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှု ခံယူသင့်သည်။
  • Antibiotics can be taken even if the survivor does not show any sexually transmitted infection symptoms. Most pharmacies carry treatments.
  • လိင်အကြမ်းဖက်ခံရသူတွင် မည့်သည့်ကာလသားရောဂါ လက္ခဏာမှ မရှိသော်လည်း ကာကွယ်မှု ရရှိနိုင်ရန် ပိုးသတ်ဆေးကြိုသောက်နိုင်ပါသည်။ ထိုဆေးကို ဆေးဆိုင်များတွင်လည်း မေးပြီး သောက်သုံးနိုင်ပါသည်။
  • Information on drugs and doses for medical professionals and pharmacists. Follow this QR for pre-Feb 2021 MOHS Guidelines.
  • သောက်သုံးရမည့် ဆေးနှင့် ဆေးပမာဏကို ဆေးဘက်ဆိုင်ရာပညာရှင်များနှင့် ဆေးဝါးထုတ်လုပ်သူ များ ထံမှ ရယူပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ မတိုင်ခင်တွင် ထုတ်ပြန်ထားသော ကျန်းမာရေးဝမ်ထမ်းများအတွက် ဆေးဝါးနှင့် လမ်းညွှန်ချက် သတင်းအချက်အ လက်ကို ဖတ်နိုင်ရန် QR ကုဒ်ကို ကြိုတင်ဖတ်ပါ။ 
  • If possible, get a tetanus shot if there has been broken skin.
  • အကယ်၍ အရေပြားပေါက်ပြဲပွန်းပဲ့ခြင်းများရှိပါက မေးခိုင်ရောဂါကာကွယ်ဆေး (ရနိုင်ပါက) ထိုးပေးရန် လိုအပ်ပါသည်။

 

C. Collecting evidence (သက်သေများကို စုဆောင်းခြင်း)

  • This is an area where great care is required to respect the dignity of the survivor.
  • လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူ၏ ဂုဏ်သိက္ခာကိုလေးစားရန် လိုအပ်သောကြောင့် ဤအကြောင်းအရာကို အထူးဂရုပြုပြီး ကိုင်တွယ်ပါ။
  • Do not photograph the survivors face but if there are physical injuries on legs, arms stomach, back please take photos and send with the report to mountain741@protonmail.com and delete the photos immediately from the phone.
  • လိင်အကြမ်းဖက်ခံရသူ၏ မျက်နှာကို ဓာတ်ပုံမရိုက်ပါနှင့်။ သို့သော် ရုပ်ပိုင်းဆိုင်ရာများဖြစ်သော ခြေထောက်၊ လက်၊ ဝမ်းဗိုက် နှင့်ကျောကုန်းတို့တွင် ထိခိုက်ဒဏ်ရာများရှိလျှင် ထိုနေရာများကို ဓာတ်ပုံရိုက်ပြီး mountain741@protonmail.com သို့ပို့ပေးပါ။ ပေးပို့ပြီးလျှင် ဓါတ်ပုံများကို ချက်ခြင်းဖျက်ပစ်ပါ။
  • Restart the phone and check the photos are deleted. Delete the email sending them to the email above.
  •  ဖုန်းကို restart လုပ်ပြီး ဓါတ်ပုံများ ရှိသေးလားဆိုတာ ပြန်စစ်ဆေးပါ။ mountain741@protonmail.com သို့ပို့ထားသော အကြောင်းအရာကိုလည်း ပို့ပြီးကြောင်း စစ်ဆေးပြီးလျှင် ထိုအီးမေးလ်ကိုလည်း ဖျက်ပစ်ပါ။

 

Share.