“အစ်မတို့နိုင်ငံရေးအကျဉ်းသူတွေမှာ ခံယူချက်ရှိတယ် ယုံကြည်ချက်ရှိတယ်။ အဓိက ပြီးတော့ ငါတို့တွေ တစ်ယောက်မကျန် လွတ်မြောက်ရမယ်ဆိုတဲ့ စိတ်ရှိတယ်။ အဓိက ကိုယ်တစ်ယောက်ထဲလွတ်လာရတဲ့ feeling မျိုးမှာ ဘယ်သူမှမပျော်ဘူး။”
Browsing: Movies
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများတွင် ကိုယ်ပိုင်ရိုးရာဓလေ့ထုံးတမ်းများကို လူမျိုးအသီးသီး၏ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာအမွေအနှစ်များအဖြစ် မျိုးဆက်သစါများသို့ လက်ဆင့်ကမ်းပြီး ရာသက်ပန်ထိမ်းသိမ်းတန်ဖိုးထားနိုင်ရန် လိုအပ်သည်။ အချို့သော ဓလေ့ထုံးတမ်းများသည် အမျိုးသမီးများ၏ အခြေခံအခွင့်အရေးများကို ချိုးဖောက်နေပြီး တရားမျှတမှုဆိုင်ရာ ရှုထောင့်မှလေ့လာလျှင် မလွဲမသွေပြုပြင်ပြောင်းလဲရန် လိုအပ်နေသည်။
“ရှင်သန်လွတ်မြောက်သူများ၏ တရားမျှတမှုနှင့် အတိတ်၏ အရိပ်မည်းများအောက်မှ လွတ်မြောက်ရန်အတွက် တိတ်ဆိတ်မှုကို ဖြိုခွင်းခြင်း” ခေါင်းစဉ်ဖြင့် ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရသူများ၏ အသံများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ရန်ရည်ရွယ်၍ ရိုက်ကူးထားသော ရုပ်သံဇာတ်လမ်းတိုများမှ တစ်ပုဒ်ဖြစ်သည့် “တေး” ရုပ်သံဇာတ်လမ်းတိုအား ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ဒီကနေ့ရဲ့ မှတ်သားစရာ အသိပညာအစီအစဉ်မှာတော့ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျူးလွန်နေသူတွေက ဘယ်သူတွေလဲ ကျူးလွန်ခံရသူတွေက ဘယ်သူတွေလဲ ဆိုတာကို လေ့လာသွားကြရအောင်နော်။