၂၀၂၆ ခုနှစ် ဧပြီလအတွင်း အကြမ်းဖက်စစ်အုပ်စုသည် အမျိုးသမီး ၄၄ ဦးအားသတ်ဖြတ်

0

အကြမ်းဖက် စစ်အုပ်စုသည် ရွေးကောက်ပွဲ ပြုလုပ်ပြီးနောက် အဘက်ဘက်တွင် အစိုးရ တရပ် ပုံစံ ပုံဖော်နေသာ်လည်း လက်တွေ့ အခြားတဖက်တွင် နိုင်ငံတဝှမ်း လေကြောင်းတိုက်ခိုက်ခြင်း၊ ပြည်သူများအား အစုအလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း အစရှိသည့် အကြမ်းဖက် လုပ်ရပ်များကိုသာ စဥ်ဆက်မပြတ် တွင်ကျယ်စွာ လုပ်ဆောင်နေသည်။ စစ်အုပ်စု၏ သရုပ်မှန် အစစ်သည် အကြမ်းဖက်သမား ပုံဆောင်နေခြင်းသာ ဖြစ်၍ “အစိုးရ တစ်ရပ်” အဖြစ် မည်သို့နည်းနှင့်မျှ အသိအမှတ်ပြု လက်ခံ၍ မရနိုင်ပေ။

၂၀၂၆ ခုနှစ် ဧပြီလတွင်လည်း အကြမ်းဖက် စစ်အုပ်စု​၏ လေကြောင်းနှင့် မြေပြင် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံ တဝှမ်း အမျိုးသမီး (၄၄) ဦး အသက် ဆုံးရှုံးခဲ့ရသည်။

Download Burmese Download English
Share.