အကြမ်းဖက် စစ်အုပ်စုသည် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ကာ အစိုးရ တစ်ရပ်အဖြစ် အသိအမှတ်ပြုခံရရေး လွှတ်တော်ခေါ်ခြင်း၊ သမ္မတ ရွေးချယ်တင်မြှောက်ခြင်းများ ပြုလုပ်နေသော်လည်း လက်တွေ့ အခြားတဖက်တွင် နိုင်ငံတဝှမ်း လေကြောင်းတိုက်ခိုက်ခြင်း၊ ပြည်သူများအား အစုအလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း အစရှိသည့် အကြမ်းဖက် လုပ်ရပ်များကိုသာ စဥ်ဆက်မပြတ် တွင်ကျယ်စွာ လုပ်ဆောင်နေသည်။ စစ်အုပ်စု၏ သရုပ်မှန် အစစ်သည် အကြမ်းဖက်သမား ပုံဆောင်နေခြင်းသာ ဖြစ်၍ “အစိုးရ တစ်ရပ်” အဖြစ် မည်သို့နည်းနှင့်မျှ အသိအမှတ်ပြု လက်ခံ၍ မရနိုင်ပေ။
၂၀၂၆ ခုနှစ် မတ်လတွင်လည်း အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင် တိုက်ခိုက်မှုများကြောင့် အမျိုးသမီး (၈၈) ဦး အသက် ဆုံးရှုံးခဲ့ရသည်။
အကြမ်းဖက်စစ်အုပ်စုသည် မတ်လအတွင်း အမျိုးသမီး ၈၈ ဦးအား သတ်ဖြတ်ခဲ့သည်။
0
Share.