တရားမဝင် အကြမ်းဖက် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုသည် (၅)နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲများ ပြီးမြောက်ခြင်းနှင့်အတူ လွှတ်တော်ခေါ်ခြင်း ကိစ္စရပ်များကိုပါ စတင်ရန် ကြိုးပမ်းနေပြီဖြစ်သည်။ သို့သော် တဖက်တွင်လည်း စစ်အုပ်စုသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက် ကျူးလွန်နေသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင် တိုက်ခိုက်မှုများကြောင့် အမျိုးသမီး (၆၃) ဦး အသက် ဆုံးရှုံးခဲ့ရသည်။
Download Burmese Download English