အကြမ်းဖက် စစ်အုပ်စု ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ

0

အကြမ်းဖက် စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစတင်ကာ (၄) နှစ်တာ ကာလတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျုးလွန်နေခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင်လည်း အမျိုးသမီး (၈၆) ဦး သေဆုံးခဲ့ရသည်။ ယခုလတွင်လည်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်ခြင်းကို ပိုမို အသုံးပြုကာ အကြမ်းဖက် လုပ်ရပ်များကို တွင်ကျယ်စွာ ပြုလုပ်နေသည်ကို တွေ့ရှိရသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အမျိုးသမီးမှတ်တမ်းနှင့်သုတေသနလုပ်ငန်းစဉ်အနေဖြင့် ယခုထုတ်ပြန်သည့် အချက်အလက်များမှာ တိကျခိုင်လုံသော သတင်းမီဒီယာအချက်အလက်များနှင့် မြေပြင်မှရရှိသည့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပဋိပက္ခကာလအတွင်း မြန်မာ့အမျိုးသမီးများ၏ ရဲရင့်မှုနှင့် ရှင်သန်မှုများသည် တရားမျှတမှုနှင့် တန်းတူညီမျှမှုအတွက် ထင်ဟပ်သော အသံတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်လျက် ရှိသည်။

Download Burmese Download English
Share.