၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အမျိုးသမီးများဆိုင်ရာ အချက်အလက်

0

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အကြမ်းဖက်စစ်တပ်အာဏာသိမ်းရန် ကြိုးပမ်းမှုကာလအတွင်း အမျိုးသမီး ဖမ်းဆီးထိန်းသိမ်းခံထားရသူနှင့် သေဆုံးသူတို့မှာ ဆက်တိုက်ရှိနေပါသည်။ ဇန်နဝါရီလအတွင်း ဖမ်းဆီးခံရသူများသည် လူမှုကွန်ရက်စာမျက်နှာတွင် သတင်းမှားများ ရေးသားခြင်းနှင့် ဖြန့်ဝေခြင်းဆိုသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးခံရမှုအများဆုံးဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးအင်အားစုတို့အား ထောက်ပံ့မှုများ ပြုလုပ်သည်ဆိုသည့်စွပ်စွဲချက်များကြောင့်လည်း ဖမ်းဆီးခံရမှုများရှိခဲ့သည်။

ယခု အချက်အလက်များကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)၏ အချက်အလက်များကို အဓိကမှီငြမ်း ကိုးကားထားသည့်အပြင် ခိုင်လုံသော သတင်းမီဒီယာများမှ ထုတ်ဖော်ရေးသားသည့် သတင်းအချက်အလက်များအပေါ် အခြေခံ၍ မြန်မာ့အမျိုးသမီးသမဂ္ဂ မှ ပြန်လည် စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။ လက်တွေ့မြေပြင် အခြေအနေတွင် သတင်းအချက်အလက် စီးဆင်းမှုများ၌ စိန်ခေါ်မှုများရှိသောကြောင့် မိမိတို့အနေဖြင့် လက်လှမ်းမီရန် အခက်အခဲများ ရှိသဖြင့် ကိန်းဂဏန်းများသည် ယခုထက်ပို၍ များနိုင်ပါသည်။

Download Burmese Download English
Share.