၂၀၂၃ တစ်နှစ်တာကာလအတွင်း အမျိုးသမီးများဆိုင်ရာ အချက်အလက်

0

မြန်မာ့အမျိုးသမီးသမဂ္ဂ ၏ အချက်အလက်စုစည်းချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ သေဆုံးသူအမျိုးသမီးစုစုပေါင်း (၃၉၂) ဦးအထိ ရှိခဲ့ပါသည်။ ထို့အပြင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ အမျိုးသမီး (၅၄၁) ဦးအထိ ရှိနေဆဲဖြစ်၍ ပြစ်ဒဏ်ချမှတ်ခံထားရသည့် အမျိုးသမီး (၃၁၈) ဦး အထိရှိခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်အာဏာသိမ်းရန် ကြိုးပမ်းမှုကာလအတွင်း အမျိုးသမီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ နှင့် သေဆုံးသူတို့မှာ ဆက်တိုက်ရှိနေပါသည်။ ဒီဇင်ဘာလအတွင်း ဖမ်းဆီးခံရသူများသည် လူမှုကွန်ရက်စာမျက်နှာတွင် သတင်းမှားများ ရေးသားခြင်း နှင့် ဖြန့်ဝေခြင်းဆိုသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးခံရမှု အများဆုံးဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တော်လှန်ရေးအင်အားစုတို့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု ဆိုသည့် စွပ်စွဲချက်များကြောင့်လည်း ဖမ်းဆီးခံရမှုများ ရှိခဲ့သည်။
ယခု အချက်အလက်များကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အချက်အလက်များကို အဓိကမှီငြမ်း ကိုးကားထားသည့်အပြင် ခိုင်လုံသော သတင်းမီဒီယာများမှ ထုတ်ဖော်ရေးသားသည့် သတင်းအချက်အလက်များအပေါ် အခြေခံ၍ မြန်မာ့အမျိုးသမီးသမဂ္ဂ မှ ပြန်လည် စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။ လက်တွေ့မြေပြင် အခြေအနေတွင် သတင်းအချက်အလက် စီးဆင်းမှုများ၌ စိန်ခေါ်မှုများရှိသောကြောင့် မိမိတို့အနေဖြင့် လက်လှမ်းမီရန် အခက်အခဲများ ရှိသဖြင့် ကိန်းဂဏန်းများသည် ယခုထက်ပို၍ များနိုင်ပါသည်။

Download Burmese Download English

 

Share.