အကြမ်းဖက်စစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့အထိ

0

အကြမ်းဖက်စစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်၏ မတရားဖမ်းဆီး ထိန်းသိမ်းခြင်း ခံထားရသည့် အမျိုးသမီး စုစုပေါင်း (၃၂၃၂) ဦး ထိ ရှိခဲ့ပြီး အမျိုးသမီးစုစုပေါင်း (၆၂၈) ဦး အသက် ဆုံးရှုံးခဲ့ကြရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့ မှ (၂၆) ရက်နေ့အတွင်းတွင် အမျိုးသမီး (၁၂) ဦး ထိ သေဆုံးခဲ့ရပြီး ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရသည့် အမျိုးသမီးစုစုပေါင်း (၁၀) ဦးထိရှိခဲ့သည်။
ယခုအချက်အလက်များသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အချက်အလက်များကို အဓိက မှီငြမ်း ကိုးကားထား ပြီး ၊ ခိုင်လုံသော သတင်းမီဒီယာများမှ ထုတ်ဖော် ရေးသားသည့် သတင်း၊အချက်အလက်များ အပေါ် အခြေခံ၍ မြန်မာ့အမျိုးသမီးသမဂ္ဂ မှ ပြန်လည် စုစည်းတင်ပြ ထားခြင်း ဖြစ်ပါသည်။ လက်တွေ့မြေပြင် အခြေ အနေတွင် သတင်းအချက်အလက် စီးဆင်းမှုများ၌ စိန်ခေါ်မှုများ ရှိသောကြောင့် မိမိတို့အနေဖြင့် လက်လှမ်းမီရန် အခက်အခဲများ ရှိသဖြင့် ကိန်းဂဏန်းများသည် ယခုထက်ပို၍ များနိုင်ပါသည်။

Download English Download Burmese

 

Share.