အမျိုးသမီးများဆိုင်ရာ အချက်အလက်_ဩဂုတ်လ ၂၀၂၃

0

အကြမ်းဖက်စစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့မှ စ၍ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ထိ အကြမ်းဖက်စစ်တပ်၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရသည့် အမျိုးသမီး စုစုပေါင်း (၃၄၄၀) ဦး ထိ ရှိခဲ့သည်။ ထိုသို့ ဖမ်းဆီး ထိန်းသိမ်းခံ ထားရသည့် အမျိုးသမီး (၅၇၅) ဦး သည် မတရားပြစ်ဒဏ်ချမှတ်ခြင်းကို ခံနေကြရသည်။ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်းတွင် အကြမ်းဖက်စစ်တပ်၏ တဖက်သတ်အမိန့်ချ၍ ထောင်ဒဏ်ချခံရသည့် အမျိုးသမီး (၂၂) ဦးထိ ရှိခဲ့သည်။ ထို့အပြင် ဩဂုတ် ၁ ရက်နေ့မှ ၂၉ ရက်နေ့ အတွင်း အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသည့် အမျိုးသမီး စုစုပေါင်း (၂၄) ဦး ထိရှိခဲ့သည်။
ယခုအစီရင်ခံစာသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အချက်အလက်များကို အဓိက မှီငြမ်း ကိုးကားထားသည့်အပြင် ခိုင်လုံသော သတင်းမီဒီယာများမှ ထုတ်ဖော်ရေးသားသည့် သတင်း အချက်အလက် များအပေါ် အခြေခံ၍ မြန်မာ့အမျိုးသမီးသမဂ္ဂ မှ ပြန်လည် စုစည်းတင်ပြထားခြင်း ဖြစ်ပါသည်။ လက်တွေ့မြေပြင် အခြေ အနေတွင် သတင်းအချက်အလက် စီးဆင်းမှုများ၌ စိန်ခေါ်မှုများ ရှိသောကြောင့် မိမိတို့အနေဖြင့် လက်လှမ်းမီရန် အခက်အခဲများ ရှိသဖြင့် ကိန်းဂဏန်းများသည် ယခုထက်ပို၍ များနိုင်ပါသည်။

Download English Download Burmese

 

Share.