CDMမပိတ်ခင် အမီဝင်လာတဲ့ ရဲမေတစ်ဦး ပြောကြားချက်

0

မီးဖွားခွင့်ခြောက်လနဲ့ အနားယူနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်ရဲစခန်းမှ ရဲမေ မဇာဇာငြိမ်းဟာ စစ်အာဏာရှင်အောက်မှာဆက်ပြီး အလုပ်မလုပ်ချင်တာကြောင့် မတ်လ ၂၅ ရက်နေ့ကတည်းက CDM လုပ်ထားကြောင်း RFA ကိုပြောပါတယ်။

ကလေးမွေးထားတာမကြာသေးတာရယ်၊ ခွင့်ခြောက်လယူထားတာရယ်ကြောင့် CDM ဝင်သင့် မဝင်သင့် စဉ်းစားနေရတာဖြစ်ပြီး CDM မပိတ်ခင် မတ်လ ၃၁ ရက်နေ့ မတိုင်ခင်မှာပဲ အခုလိုဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ မဇာဇာငြိမ်းကိုယ်တိုင် RFA ကိုပြောပါတယ်။ကိုယ်ပိုင်အမှတ် လ ၂၆၄၄၃၆ ရဲတပ်သား မဇာဇာငြိမ်းအနေနဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ၂၀၂၁ ခုနှစ် ဧပြီလ ၂၆ ရက်နေ့အထိ မီးဖွားခွင့်ရထားပေမယ့် ခွင့်ပြည့်ခဲ့ရင်လည်း စစ်အာဏာရှင်မပြုတ်သေးပါက စစ်အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်လိုတာ၊ ကိုယ်တိုင်ရော မိသားစုရော ရပ်ကွက်၊ မြို့နယ်အတွင်း လိပ်ပြာလုံစွာနေထိုင်လိုတာ စတာတွေကြောင့် CDM ပြုလုပ်သွားရခြင်းဖြစ်တယ်လို့လည်း လူမှုကွန်ရက်မှာ သူ့ရဲ့ပုံ၊ သူ့ကိုယ်တိုင်ရေးထားတဲ့စာရွက်နဲ့အတူ တင်ထားခဲ့ပါတယ်။

Share.